ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်ဝနိုင်ကြပါစေလို့ ဦးစွာပထမ ဆန္ဒပြုလိုက်ပါတယ်။
မိတ်ဆွေတစ်ယောက်က ကရင်နိုင်ငံတော်သီချင်းရဲ့ စာသားတွေကိုသာတွေ့ပြီး သံစဉ်မရှိဘူးလား ဆိုလို့ အချိန်ပေး
ပြီးရှာခဲ့ပါတယ်။
ကျုပ်အနေနဲ့ ကရင်နိုင်ငံတော်သီချင်းလို့ ပြောပေမယ့် ၀ါရင့်ကရင်နိုင်ငံရေးသမားတစ်ယောက်က ငါတို့ကရင်တွေ
မှာ နိုင်ငံတော်သီချင်းမရှိဘူးကွ လို့ပြောတဲ့အတွက် ကျုပ်သိသလောက် ရှင်းလင်းပြောပြပါရစေ။
ဒီကရင့်နိုင်ငံတော်သီချင်း ကို မော်ဖိုးကေ အသံလွှင့်ရုံရှိခဲ့စဉ်အခါတုန်းက အသံထုတ်လွှင့်မှု စတင်တာနဲ့ ပထမဦး
ဆုံးလွှင့်ပေးခဲ့တာကို အမှတ်ရနေပါတယ်။ တခါ စခန်းတိုင်းမှာ မနက်ရုံးတက်ချိန်နဲ့ ညနေရုံးဆင်းချိန်တွေမှာ အသံ
ချဲ့စက်တွေတပ်ဆင်ထားပြီး ဖွင့်ပေးတာမို့ လမ်းလျှောက်နေသူတွေအားလုံးဟာ ရပ်ပြီးနေကြရပါတယ်။
သီချင်းသံတိတ်သွားတော့မှ လူတွေအားလုံး သွားလာလှုပ်ရှားကြရပါတယ်။
အဲဒီလိုစည်းကမ်းတကျဖြစ်အောင် KNU တပ်ထိန်းတွေက လမ်းဆုံလမ်းခွတွေမှာ ရပ်ပြီးသတိပေးကြပါတယ်။
အဲဒီလို စခန်းတိုင်းအတွက်စနစ်တကျနဲ့ တချိန်တည်းတခါတည်းဖြစ်အောင် မော်ဖိုးကေအသံလွှင့်ဌာန ကနေပြီး
တိုက်ရိုက်စီစဉ်ပေးတာဖြစ်ပါတယ်။
နောက်ပြီး ရုပ်ရှင်ရုံတွေမှာ ပိတ်ကား(မြင်ကွင်းကျယ်)ပဲဖြစ်ဖြစ် VIDEO ရုံတွေပဲဖြစ်ဖြစ် ရုပ်ရှင်မပြခင်မှာ ရုံထဲကလူ
တွေအားလုံး မတ်တပ်ရပ်ပြီး အလေးပြုကြရပါတယ်။
အဲဒါအပြင် သီချင်းစာသားရဲ့ ခေါင်းစဉ်မှာကိုက ကရင့်နိုင်ငံတော် သီချင်းလို့
ထင်ထင်ရှားရှားကြီးရေးထားတာမို့ ကျုပ်က အဲဒါတွေအားလုံးကို ခြုံငုံပြီး
ကရင့်နိုင်ငံတော်သီချင်းဆိုပြီး ဖေါ်ပြပေးခဲ့တာဖြစ်ပါတယ်။
အဲဒီတော့ ကရင့်နိုင်ငံတော်သီချင်း မရှိဘူးလို့ပြောခဲ့တဲ့ ကရင့်နိုင်ငံရေးသမားတစ်ယောက် ဘယ်လိုဆုံးဖြတ်မလဲ
ဆိုတာကတော့ တစ်ပိုင်းပေါ့လေ။
အခုတော့လည်း အားလုံးဟာ လွမ်းစရာတွေဖြစ်ကျန်ခဲ့ပြီလို့များပြောရမလား မသိတော့ပါဘူး။ အမျိုးသားနေ့ အ
ခမ်းအနားတွေမှာ ကရင့်နိုင်ငံတော် သီချင်းကိုမကြားရတာအတော်ကြာခဲ့သလို အလေးပြုတာလည်းမမြင်ရတာ
ကြာလှပါပြီ။
အောက်က ရုပ်သံဖိုင်ကတော့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ဂုဏ်ပြုတပ်ဖွဲ့က ကရင့်နိုင်ငံတော်သီချင်းနဲ့ စစ်
ရေးပြချီတက်ဂုဏ်ပြုနေတာဖြစ်ပါတယ်။
ဒီနှစ်ကရင့်အမျိုးသားနှစ်သစ်ကူး ပွဲတော်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးပေါင်းပြီး စစ်ရေးပြကြမယ် လို့
သိရပါတယ်။
ကျန်းမာချမ်းသာကြပါစေ။








0 comments:
Post a Comment